• Mar 1, 2012

      လွှတ်တော်ကိုယ်စားလှယ်များ၏ အခမဲ့သုံးစွဲခွင့်များနှင့် ပတ်သက်၍ ပြင်ဆင်ချက်များ ထုတ်ပြန်





      လွှတ်တော်ကိုယ်စားလှယ်များ၏ အထူးခံစားခွင့်များနှင့် ပတ်သက်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ညှိနှိုင်းသဘောတူ ပြင်ဆင်ချက်များကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယနေ့ အစီအစဉ်တွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဖတ်ကြားရှင်းလင်းခဲ့သည်။ ဥပဒေကြမ်း၏ အခန်း(၄) ပုဒ်မ ၁၂ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၏အောက်တွင် အထူးခံစားခွင့်များအဖြစ် ပုဒ်မ ၁၃ တွင် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်တွင်းအခမဲ့ ဆေးကုသခွင့်၊ တစ်လလျှင် ကျပ် ၃၀၀၀ ထက်မပိုသော ရေအခမဲ့ သုံးစွဲခွင့်၊ တစ်လလျှင် ကျပ် ၁၀၀၀၀ ထက်မပိုသော လျှပ်စစ်ဓါတ်အား အခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ် ၁၀၀၀၀ ထက်မပိုသော ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့ သုံးစွဲခွင့်၊ နိုင်ငံပိုင်လေကြောင်းခရီးတွင် တစ်နှစ်လျှင် အသွားအပြန် ခရီးစဉ်တစ်ကြိမ်သာ မိမိအပါအဝင် သုံးဦးအခမဲ့ စီးနင်းခွင့်၊ နိုင်ငံပိုင်မီးရထား၊ သင်္ဘောခရီးတွင် အထက်တန်းအဆင့်အဖြစ် လည်းကောင်း၊ နိုင်ငံပိုင်မော်တော်ယာဉ် ခရီးတွင်လည်းကောင်း၊ တစ်နှစ်လျှင် အသွားအပြန်ခရီးစဉ် တစ်ကြိမ်သာ မိမိအပါအဝင် ငါးဦး အခမဲ့စီးနင်းခွင့်၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်သည် နှစ်စဉ် ပြည်ထောင်စုရသုံးမှန်းခြေ ငွေစာရင်းတွင် လွှတ်တော်မဲဆန္ဒ နယ်မြေအလိုက် ခွဲဝေသတ်မှတ်သည့် ဖွံ့ဖြိုးရေးရန်ပုံငွေကို နယ်မြေဒေသခံ ပြည်သူများနှင့် ညှိနှိုင်းပြီး သတ်မှတ်ချက်များနှင့်အညီ သုံးစွဲခွင့်ရှိသည်။ ပြည်သူ့လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ရမည်။ သို့ရာတွင် ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်အရဖြစ်စေ တားမြစ်ထားသည့် ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို ထုတ်ပြန်ခြင်းမပြုရ စသည်ဖြင့် ထပ်မံဖြည့်စွက်ရန် ညှိနှိုင်းသဘောတူညီခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

      0 comments:

      Post a Comment

      Subscribe To RSS

      Sign up to receive latest news