• Mar 4, 2012

      အထူးကုဆရာဝန်ကြီးများ၏ စမ်းသပ်ခကို တစ်ပြေးညီ သတ်မှတ်မည်ဟုဆို


      .
      အထူးကုဆရာဝန်ကြီးများ၏ စမ်းသပ်ခနှုန်းထားများ တစ်ပြေးညီ သတ်မှတ်ရန် မြန်မာနိုင်ငံဆရာဝန် အသင်းက စီစဉ် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ကျော်မြင့်နိုင်က နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆရာဝန် များအသင်းရုံး၌ကျင်းပသည့် corporate Social Responsibility စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေး ဆိုင်ရာဝတ္တရားများအကြောင်းဟော ပြောပွဲတွင် ထည့်သွင်းပြောကြား သည်။
      “လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ်၂၀ ခန့် ကစပြီး ကျွန်တော်တို့ အသင်းအနေ နဲ့ FEE တွေနဲ့ပတ်သက်လို့ ပြောခဲ့ ဖူးပါတယ်။ အဲဒီလို ပြောခဲ့ပေမယ့် အထူးသဖြင့် အထူးကု ဆရာဝန်ကြီး (specialist)များဟာ အင်မ တန်ပြောရ ခက်တယ်။ တော်တော် လေးညှိရ ခက်ပါတယ်။ ကျွန်တော် တို့ဆရာဝန်အသင်းဟာ အာဏာ ပိုင် အဖွဲ့အစည်း မဟုတ်ပါဘူး။ ကျွန် တော်တို့မှာ power မရှိပါဘူး။ ကျွန် တော်တို့ ဒီမှာပြောမယ်၊ ဟောမယ်။ လူနာ တွေကို ကြင်နာပါလို့ပဲ ကျွန် တော်တို့ပြောနိုင်မယ်။ တခြားသူ တွေကိုပြောဖို့က တော်တော် လေး ခက်တယ်။ အထူးသဖြင့် အခက်ဆုံး က specialist တွေပဲ။ အခုဆိုရင် ဆရာဝန်ငယ် တွေကပါ FEE တက် လာပြီ။ အငယ်တွေက ဘာပြောလဲ ဆိုတော့ သူတို့တွေက အခုမှစားရ တာ။ ဟိုဆရာကြီး တွေက စားလို့ဝ နေပြီဆိုတဲ့ စကားမျိုးတွေထွက်လာ တယ်။ ကျွန်တော်တို့အစီအစဉ်ရှိ ပါတယ်။ အစီအစဉ်ရှိတယ် ဆိုတာ Medical Council သည် powerful organization ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အခုလက် ရှိအနေအထား အရဆိုရင် ဒါတွေ အားလုံးကို policy ပိုင်းက ဘယ် လိုလုပ်သင့် လဲဆိုတာ စဉ်းစားမယ်။ MMC က Powerful body ဆို တော့ အဲဒီကနေ regulation လုပ်လို့ရမလား ဆိုတာတော့မသိဘူး။ ဆရာဝန်အသင်း အနေနဲ့ တိုက်ရိုက် လုပ်ပေးဖို့ဆိုတာ တော်တော်ခက် ပါတယ်။ သုံးဖွဲ့ပေါင်းပြီးတော့လုပ် ရင် ဖြစ်နိုင်မယ်လို့ ကျွန်တော်ယူဆ ပါတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံ မှာတော့ Medical Association ဟာ very powerful ဖြစ်ပါတယ်။ သူက suggestion ပေးတယ်။ FEE တွေ၊ regulation တွေ လုပ်ထားပြီးသားလည်းဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ စမ်းသပ်ခနှုန်း ထားကို ဘယ်လောက်ယူပါလို့ ပြော ဖို့တော်တော်ခက်တယ်။ ဒါမျိုးကို သတ်မှတ်ဖို့ဆိုတာ ပညာတန်ဖိုးဖြစ် နေတော့ အလွန်ခက်ခဲပါတယ်။ တစ်ခါတလေကျတော့ ဆရာ… သူကတော့ ချမ်းသာလို့ပိုယူလိုက် တာဆိုတာမျိုးတွေရှိသေးတယ်။ တကယ်တော့ လူနာရဲ့ချမ်းသာ ကြွယ်ဝမှုဟာ ကျွန်တော်တို့နဲ့ မ ဆိုင်ဘူးလေ။ If you charge 5,000 Kyats for one patient, you should charge 5,000 Kyats only. အဲဒီတော့ powerful organization မပါဘဲလုပ်ဖို့ တော့ခက်တယ်။ ဒါတွေက ညှိနှိုင်း ရတာ တော်တော်လေး ခက်တယ်။ ဒီကိစ္စကိုအဆင်ပြေအောင် ကျွန် တော်တို့ ဆောင်ရွက်ပါ့မယ်။ လုပ်ဖို့ လည်း အစီအစဉ် ရှိပါတယ်။ ဒါပေ မယ့် အခုလို လုပ်မယ်ဆိုတဲ့လေသံ ကြားရုံနဲ့တင် ကျွန်တော်တို့ကို ၀ိုင်း ပြီးမေတ္တာပို့နေမှာ သေချာပါတယ်” ဟု ပါမောက္ခဒေါက်တာကျော်မြင့်နိုင်က ပြောကြားသည်။
      “ပုဂ္ဂလိကဆေးရုံတွေမှာ ဘာ တွေအခက်အခဲရှိလဲဆိုရင် ဆရာဝန် ပါပဲ။ဘယ်လိုဆရာဝန်ခက်လဲဆို တော့ ကျွန်တော်တို့ဆေးရုံဟာ ရန် ကုန်နဲ့ ၁၂ မိုင်ဝေးပါတယ်။ လူနာ တွေကို အားပေးရမယ်။ ဂရုစိုက်ရ မယ်။ ဒါပေမယ့် ကျွန်တော်ဂရုစိုက် လို့မရဘူး။ဆရာဝန် ဂရုစိုက်မှရမှာ ပါ။ အဲဒီတော့ ဆရာဝန်လူငယ်တွေ ကျွန်တော်တို့ဆီမှာ ခေါ်ထားပါ တယ်။ ဒါပေမယ့် အဲဒီ့ဆရာဝန်လူ ငယ်တွေက ဘာလုပ်သလဲဆိုရင် အ ထူးကုဆရာဝန်ကြီး(specialist)တွေ ရဲ့နောက်ကလိုက်ပြီး specialist တွေပြောတာကို လိုက်ရေးပါတယ်။ specialist တွေပေးတဲ့ ဆေးတွေကို သူတို့က လူနာတွေကိုတိုက်ပါ တယ်။ သူတို့မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ မရှိတဲ့ အတွက် ကျွန်တော် တို့ဟာ အရေးပေါ်ကိစ္စတစ်ခုပေါ် လာရင် specialist တွေကို ဆက် သွယ်ရပါတယ်။ ဒီလို ဆက်သွယ်တဲ့ အခါ အခက်အခဲအများကြီးရှိပါ တယ်။ နောက်တစ်ခုက လူနာတွေရဲ့ welfare ကို နံပါတ် ၁ ထားပြီးလုပ် ဆောင်ရာမှာ တကယ်ဖြစ်ရမှာက လူနာရယ်၊ ဆရာဝန်ရယ်၊ ဆေးရုံပိုင် ရှင်ရယ် အဲဒီလိုမျိုးဖြစ်ရမှာ။ ဒါပေ မယ့် တစ်ဖက်က ပါမလာဘူး။ ဆရာ ၀န်လည်း လူသားပါပဲ။ သူလည်းပဲ သူ့ရဲ့စားဝတ်နေရေးရှိပါတယ်။ ဒါပေ မယ့် ဆရာဝန်တွေရဲ့ စမ်းသပ်ခက တစ်ဦးက ကျပ် ၃,၀၀၀၊ နောက်တစ် ဦးက ကျပ် ၄,၀၀၀၊ သူက ကျပ် ၄,၀၀၀ ဆိုရင် နောက်တစ်ဦးက ကျပ် ၅,၀၀၀၊ ကျပ် ၆,၀၀၀ စသဖြင့် ထိန်း လို့မရဘူး။ အဲဒါမျိုး နယ်မြို့လေး တွေမှာလည်း ရှိပါတယ်။ အဲဒါကို ကျွန်တော်က ကော်မတီတစ်ခုဖွဲ့ပြီး ထိန်းကြည့်ပါတယ်။လူနာတွေရဲ့ဆင်း ရဲမှုကို ငဲ့ညှာသောအားဖြင့် ဒီ rate လောက်ပဲ ယူပါလို့ မေတ္တာရပ်ခံခဲ့ ပါတယ်။ ရတဲ့လူလည်းရပါတယ်။ မရတဲ့ ဆရာဝန်တွေလည်း ရှိပါတယ်” ဟု အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာဆေးရုံ မန်နေဂျင်း ဒါရိုက်တာ ဦးတင်မြင့်က ပြောကြားသည်။ အထူးကု ဆရာဝန် ကြီးများ၏  စမ်းသပ်ခ နှုန်းထားများ တစ်ပြေးညီသတ်မှတ်ရန်စီစဉ်ခြင်း နှင့်စပ်လျဉ်း၍ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာ အောင်ထွန်း သက်၏ သဘောထားအမြင်ကို မြန်မာပို့စ်က ဆက်သွယ်မေးမြန်း သည့်အခါ “ဆရာက ဒီမအေန သတ် မှတ်ချက်ကို နည်းနည်းလေးစဉ်းစား စေချင်တယ်။ ဘာကိုစဉ်းစားစေချင် လဲဆိုတော့ supply and demand ၀ယ်လိုအားနှင့်ရောင်းလို အားပေါ့။ အဲဒါနဲ့ ထိန်းမှရမယ်။ ဘာ ကြောင့် လဲဆိုတော့ အဲဒီလိုမထိန်းဘဲ နဲ့ price ကိုတန်းပြီးသတ်မှတ်ရန် ဆရာ စိတ်ပူတယ်။ ဈေးကြီးမှာစိုးလို့ ဈေးနှုန်းကို သတ်မှတ်လိုက်ရင် ပြဿ နာ တွေရှိလာနိုင်တယ်။ ဥပမာ ဓာတ် ဆီကိစ္စလိုမျိုးပေါ့။ ကန့်သတ် လိုက်ရင် မှောင်ခို တွေရှိလာနိုင်တယ်။ တရား ၀င်ဈေးနှုန်းသတ်မှတ်လိုက်လို့ ကျပ် ၅,၀၀၀ ထက် ပိုမယူဘူးဆိုရင် နောက်ကွယ်မှာ လက်ကြိတ်ထိုးပေး ရတာတွေရှိလာနိုင်တယ်။ အဲဒါကို သိဖို့လိုတယ်။ ဈေးနှုန်းဆိုတာကို ဈေး ကွက်စီးပွားရေးနဲ့ယှဉ်ပြီး စဉ်းစားရ မယ်။ အခုဘာဖြစ်လို့ ဈေးတွေတက် နေလဲဆိုတော့ ၀ယ်လိုအား (demand)များတယ်။ ရောင်းလိုအား (supply)နည်းတယ်။ မြန်မာဆရာ ၀န်လောကမှာ ဒါမျိုးတွေဖြစ်နေ တယ်။ အဲဒီတော့ အရည်အချင်းရှိ တဲ့ ဆရာဝန် တွေများလာရင်ဈေးနှုန်း က အလိုလို ကျသွားမယ်။ အထူးကု ဆရာဝန်ကြီးတွေ ဈေးနှုန်းအများ ကြီးတင် နိုင်တာက သူတို့ပဲရှိနေတာ ကိုး။ သူတို့ပဲရှိရင် ဈေးနှုန်းကို သူတို့ ပါးစပ် ထဲမှာရှိတဲ့အတိုင်း ပြောလို့ရ တယ်။ အများကြီး ရှိလာရင် သူဒီလို ပြောလို့မရတော့ဘူး။ နောက်တစ်ခု က ဈေးနှုန်းသတ်မှတ်မယ်ဆိုတာ အောင်မြင်ဖို့အခွင့် အလမ်းနည်းနိုင် တယ်။ မှောင်ခိုဈေးနှုန်းတွေ ပေါ် လာနိုင်တာကြောင့် အန္တရာယ်ရှိနိုင် တယ်။ အဲဒါလေး သတိထားစေချင် တယ်။ ၀ယ်လိုအားများနေသရွေ့ ဒီပြဿနာရှိနေမှာပဲ။ အရေးကြီး တာက supply ပေါ့။ ထူးချွန်တဲ့ ဆရာဝန်တွေအများကြီး မွေးထုတ် နိုင်ဖို့လိုတယ်။ ဥပမာ အသည်း ဆရာဝန် တစ်ဦးတည်းရှိရင်သူပြော ချင်တဲ့ ဈေးနှုန်းအတိုင်း ကုရမှာပေါ့။ ၁၀ ဦးရှိရင်တော့ မျှသွာြး
      ပီလေ။ အဲဒီ လိုစဉ်းစား မှရမယ်”ဟု ဖြေကြားခဲ့ သည်။ ဆင်းရဲနွမ်းပါးသည့် လူနာ အများစုကမူ အထူးကု ဆရာဝန်ကြီး များ၏စမ်းသပ်ခ နှုန်းထား တစ်ပြေး ညီ သတ်မှတ်ပေးရန် လိုလားလျက်ရှိ ကြောင်း သိရသည်။” အဲဒီလိုဈေးနှုန်း တွေ သတ်မှတ်လိုက်ရင် ကျွန်မတို့ အနေနဲ့ ဒီပမာဏကိုချိန်ပြီး စဉ်းစား လို့ရသွားမှာပါ။ ငွေလိုအပ်သူကလည်း သူ့ရဲ့လိုအပ်မှုအတိုင်းအတာအလိုက် စဉ်းစားချင့်ချိန်ပြီး ဆောင်ရွက် နိုင်မှာ ပါ။ ဒါ့ကြောင့် ဒီလိုမျိုး စမ်းသပ်ခ နှုန်းထားတွေ တစ်ပြေးညီဖြစ်မယ်ဆို ရင် အလွန် ၀မ်းမြောက်မိမှာပါ”ဟု မင်္ဂလာ တောင်ညွန့်မြို့နယ်တွင် နေ ထိုင်သူ ဒေါ်သီတာကပြောကြားသည်။
      ခိုင်လင်းကျော်
      ထွန်းလင်း ကူညီသည် (မြန်မာပို့စ်ဂျာနယ်မှကူးယူဖေါ်ပြသည်)

      0 comments:

      Post a Comment

      Subscribe To RSS

      Sign up to receive latest news