ကြားဖြတ်ရွေးကောက်ပွဲကြီးကျင်းပတော့မည်။ ၁၉၉၀ ရွေးကောက်ပွဲအ ကြောင်းပြောသံသိပ်မကြားရ တော့ပါ။ အထူးသဖြင့်တော့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီနှင့် အမတ်များကိုယ်တိုင်က ပို၍ အသံတိတ်နေ၏။ ဘာကြောင့် အသံတိတ်နေလည်း တော့မသိပါ။ ကျွန်ုပ်တို့ကတော ၉၀ ရွေးကောက်ပွဲရလာဒ် ကိုသုံးသပ်ခြင်း ထက် ၉၀ ရွေးကောက် ပွဲ အနိုင်ရအမတ်မင်းများ အကြောင်း သုံးသပ်ချက်ကို တင်ပြလိုက်ပါ သည်။ စာဖတ်သူရော ၉၀ အနိုင်ရအမတ်မင်း များ အကြောင်း စဉ်းစားဘူးပါသလား။ မည်သို့ပင်ဖြစ်စေ စာဖတ်သူအနေဖြင့် မြန်မာပြည်သူတစ်ယောက် ဖြစ်သည့် အတွက် မြန်မာပြည်၏ မြို့နယ်တစ်ခုခုတွင်နေထိုင် နေသူဖြစ်ကိုဖြစ်ရမည်ဖြစ်ပါသည်။ သို့အတွက် သင်နေထိုင်သော မြို.နယ်တွင် ၁၉၉၀ ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သော အမတ်မင်းတစ်ယောက်ယောက် လည်းရှိကိုရှိရပေမည်။ သို့ဖြစ်သည့်အတွက် သင် အောက်တွင်ဖေါ်ပြထားသော မေးခွန်းများကိုဖြေကြည့် ပါ။ တစ်ခုကိုဖြေနိုင်လျှင် (သို့) အကောင်း မြင်စရာတစ်ခုရှိလျှင် (သို့) သတ်မှတ်နိုင်လျှင် တစ်မှတ်ပေးပါလေ။ ဖြေဆိုပြီးလျှင် ဆက်လက်သုံးသပ်ထားသော သုံးသပ်ချက်ကို သဘောတူမတူ ဆုံးဖြတ်ပါလေ။
- သင်နေထိုင်သော မြို့နယ်မှ အမတ်မင်းနာမည်ကို သိပါသလား။
- ထိုအမတ်မင်းကို သင်မြင်ဘူးပါသလား။ ယခုမြင်ရင်မှတ်မိပါ့မလား။
- သူကိုယ်စားပြုယှဉ်ပြိုင်တဲ့ပါတီကိုသိပါသလား။
- ထိုသူဟာ ယခုဘာလုပ်နေပါသလဲ အသက်ထင်ရှားရှိပါသေးလား။
- သူဟာ နှုတ်ထွက်သွားပြီလား။
- သူဟာ ၁၉၉၀ နောက်ပိုင်းမှာ ထောင်ကျ အဖမ်းခံရသေးလား။
- ထိုအမတ်မင်းဟာ ပညာအရည်အချင်းဘယ်လောက်ရှိပါသလဲ။
- ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ထိုအမတ်မင်း ဘာတွေလုပ်ခဲ့တာကို သင်သိပါသလဲ။
- သူ့ အကြောင်းကို သင်တို့ မြို့နယ်တွင်းမှာ ပြောသံကြားဘူးပါသလား။
- အကယ်၍ သူသာ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ်ဆိုရင် သင်မဲပေးဦးမှာလား။
- သူပြောတဲ့ တိုင်းပြည်အတွက် ဒီမိုကရေစီအရေး မှတ်သားစရာတစ်ခုကို သင်ပြောနိုင်မလား။
- သူဟာ ၁၉၉၀ မတိုင်ခင်က နိုင်ငံရေး အတွေ့အကြုံ ဘယ်လောက်ရှိပါသလည်း။
- သူပြောတဲ့ စီးပွားရေးဆိုင်ရာမူဝါဒက ဘာလည်း။
- သင့်မြို့နယ်အတွက် သူဆောင်ရွက်ခဲ့တဲ့ အရာ ၃ ခုကိုပြောနိုင်မလား။
- သင်တို့ မြို့နယ်မှာ အာဏာပိုင်တွေရဲ့ မတရားမှု တွေ ကို သူ့အားသွားရောက်တင်ပြဘူးပါသလား။
- သင့်မြိုနယ်မှာ နေတဲ့သင့်သိတဲ့မိတ်ဆွေထဲမှာ ယခုမေးခွန်းတွေကို ဖြေနိုင်မယ့်သူ ဘယ်နှစ်ဦးရှိနိုင်ပါသလဲ။
- သင်သူ့ကို ဆက်သွယ်ခြင်ရင် ဘယ်လိုလုပ်ရမလဲသိပါသလား။
- သင်ဟာ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ထိုအမတ်မင်းကို ယုံကြည်ပါသလား။
- ထိုသူကိုမဲပေးမိတဲ့အတွက် သင်နောင်တရသလား(သို့) ထိုသူ အနိုင်ရတာ သင်နောင်တရသလား။
- သင်အခု သူ့ကို ဆက်သွယ်ချင်သလား။
အထက်ပါမေးခွန်းတွေကို အများစုကို သင်မဖြေနိုင်ဘူးဆိုခဲ့ရင် (သို့) သင်ဖြေဖို့ခက်ခဲနေမယ်ဆိုရင် ထိုအမတ် မင်းဟာ ပြည်သူနဲ့ အလွန်ပဲဝေးကွာနေပြီဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ သက်ဆိုင်ရာ အမတ်ဟာ ပြည်သူကို ကိုယ်စားမပြုထိုက်သူလို့သတ်မှတ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်ဟာ ပြည်သူနဲ့ ထိတွေ့ဆက်ဆံနေရမယ်ဖြစ်ပါတယ်။ သင် အထက်ပါ မေးခွန်းတွေကို မဖြေနိုင်တာ သင့်မှာ အပြစ်မရှိပါ။ လူ ၁၀၀ မှာ ဘယ်နှစ်ယောက်က အခုမေးခွန်း တွေကို ဖြေနိုင်မယ်လို့သင်ထင်ပါလဲ။
၁၉၉၀ မှာ အများစု အနိုင်ရတဲ့ပါတီဟာ အများသိတဲ့ NLD ပါတီဖြစ်ပါတယ်။ ဒါဆို NLD ပါတီက အမတ်တွေဟာ မယုံကြည်ထိုက်တဲ့ အမတ်တွေဖြစ်ခဲ့တယ်ဆိုရင် သင်လက်ခံနိုင်မလား။ ၁၉၉၀ မှာ ဘာမှအရည်အချင်းမရှိတဲ့ ခါတော်မီ အမတ်တွေက ဘယ်နှစ် ရာခိုင်နှုံးလောက်ရှိမယ်ထင်ပါသလဲ။
ယခုစာရေးသူဟာ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပါတယ်။ စာရေးသူဟာ ၁၉၈၉ ကနေ ၁၉၉၂ အတွင်း ထောင်ကျနေခဲ့ပါတယ်။ ထောင်ကျနေစဉ်အတွင်း စာရေးသူရဲ့ အိမ်သို့ ဘယ်အမတ်မင်းမှ လာရောက်ခဲ့သည်ဟူ၍ မရှိခဲ့ပါ။ ထိုသူမှပေးပို့သော ထောင်ဝင်စာအဖြစ် ငွေကြေး (သို့) ငပိကျော်တစ်ဇွန်း လာရောက် ကူညီတာကို မကြုံ ဘူးခဲ့ပါ ။ ထို့ အတူ စာရေးသူနှင့် ထောင်ကျဖေါ်ကျဘက် မည်သူ့ကို မျှ သက်ဆိုင်ရာမြို့နယ်ရှိ အမတ်မင်းသော် ၎င်း ၊ သက်ဆိုင်ရာမြို့နယ်ရှိ အနိုင်ရပါတီမှ သော်၎င်း မည်သို့မျှ အားပေးကူညီ မှုမရှိခဲ့ပါ။ မိမိမြို့နယ် မှာ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားရဲဘော်ရဲဘက်တစ်ယောက် ကို ထောင်ဝင်စာ အနည်းငယ်တောင် ထောက်ပံ့ပေးဖေါ်မရတဲ့ (သို့) လာရောက်အားပေးဖေါ်မရတဲ့ ပြည်သူနဲ့တင်မကပဲ ရဲဘော်ရဲဘက် တွေနဲ့ပါ ဝေးကွားနေတဲ့ အမတ်မင်း တစ်ယောက်ကို ကျွန်ုပ်တို့ဘယ်လိုသဘောထားမလဲ။ ပြီးခဲ့တာတွေ ထားလိုက်ပါတော့ လို့လွယ် လွယ်ပဲပြောလိုက်ကြမလား။ အခုလာမယ့်ကြား ဖြတ်ရေးကောက်ပွဲမှာလည်း ယခုလိုအမတ်မျိုးတွေ ၅၀ % အထက်ရှိတယ်လို့ပြောရင် လွန်မလား။ အဲဒီအမတ်မင်းတွေဟာ တိုင်းပြည်ရဲ့ ကံကြမ္မာကို အနှစ် ၂၀ ကျော် ကြိုးကိုင်ခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလာဒ် ဘာမှဖြစ်မလာတော့ စစ်အာဏာရှင် ကို လက်ညိုးထိုး ပြီး သူတို့မှာ ဘာမှတာဝန်မရှိသလို လုပ်ခဲ့ကြပါတယ်။
ယခု ကြားဖြတ်ရွေးကောက်ပွဲမှာ သင်ဘယ်သူ့ကို မဲထဲ့မှာလည်း စဉ်းစားပြီးပြီလား။ သင်ဟာ ဘ၀မှာ ပထမဆုံးမဲပေးဘူး ဖြစ်နိုင်ပါတယ်။ သင်ဘယ်သူ့ကိုမဲပေးမှာလည်း။ တိုင်းပြည်ရဲ့ကံကြမ္မာဟာ သင့်လက်ထဲမှာ ရှိတယ်ဆိုတာ သင်သိပါသလား။ သင်ဟာ နောက်တစ်ကြိမ်မဲပေးခွင့်ကို ၂၀၁၅ ခုနှစ်မှ ရတော့မှာဖြစ်တယ် ဆိုတာကော သင်သိပါသလား။
အခုလိုဖြစ်ခဲ့ရတာတော့ သင့် မြို့နယ်က အမတ်တွေကို သင် မဲပေးခဲ့စဉ်က သက်ဆိုင်ရာ အမတ်ဟာ ဘာမှလုပ်စရာ မလိုပဲ အနိုင်ရခဲ့လို့ပဲဖြစ်ပါတယ်။ သူဟာ NLD ပါတီရဲ့ ကျော်ကြားမှု နဲ့ အနိုင်ရလိုက်တာဖြစ်ပါတယ်။ ၁၉၉၀ တုန်းကလည်း NLD က သူတို့ အမတ်လောင်းတွေဟာ အရည် အချင်းရှိသူတွေဖြစ်တယ်လို့ အာမခံခဲ့ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာလည်း ဒီလိုပဲ ပြောနေ ပါသေးတယ်။ လွန်ခဲ့တဲ့ ကာလ မှာ စစ်တမ်းကောက်ယူချက်အရ နိုင်ငံရေး အကျဉ်း သား ၂၀၀၀ ကျော်မှာ NLD ပါတီ က နိုင်ငံရေး အကျဉ်းသား အရေ အတွက် ဟာ ၄၀၀ ကျော် ရှိတယ် ဆိုတဲ့ အတွက် NLD ပါတီဟာ နိုင်ငံရေး လောကရဲ့ ၂၀ % သာ ဆောင်ရွက်နိုင်ခဲ့တာဖြစ် တယ်ဆိုတဲ့ ကိန်းဂဏန်းသဘောကို သင်လက်ခံနိုင်မလား။ ဒါဆို NLD မဟုတ်တဲ့ အခြား နိုင်ငံရေး လောကထဲက ပါတီတွေဟာ ကိန်းဂဏန်း သဘော အရ ဆိုရင် ရွေးကောက်ပွဲမှာ ၈၀ % အနိုင်မရသင့်ဘူးလား။
အခြားဒီမိုကရေစီအရေးဆောင်ရွက်တဲ့ နိုင်ငံရေးပါတီတစ်ခု က ဆယ်စုနှစ်နဲ့ချိပြီး နိုင်ငံရေးအတွေ့ အကြုံရှိတဲ့ ပါတီဥက္ကဌ တစ်ဦးဟာ သာမန် လူငယ်တစ်ယောက်ကို မဲရှုံးခဲ့မယ်ဆိုရင် တိုင်းပြည်အတွက် သင့်တော်ပါ့မ လား။ ဒါကို လူသားအရင်းအမြစ်ဆုံးရှုံးတယ်လို့ မပြောနိုင်ဘူး လား။ သာကူးမှန်ပြောင်း အခွင့်ရေးသမားတွေ အနိုင်ရခဲ့မယ်ဆိုရင် ရော သင့်တော်ပါ့ မလား ဒီကိစ္စကို ကျွန်ုပ်တို့ဘယ်လိုကာကွယ်မလဲ။
နိဂုံး
ဒီမိုကရေစီ တည်ထောင်ကာစ တိုင်းပြည်တွေမှာ အနိုင်ရ ပါတီတွေဟာ တစ်ဘက်သတ်ဖြစ်တတ်ပါ တယ်။ ပါတီတစ်ခုတည်းက မဲအများစုကို သိမ်းကြုံးယူသွားတာမျိုးကိုဆိုလိုတာပါ။ အဲဒီလို ပါတီတစ်ခုတည်း က အများစု အနိုင်ရတဲ့ဖြစ်စဉ်ဟာ နှစ် ၂၀၊ ၃၀ စသည်ဖြင့် ရှိတတ်ပါတယ်။ အဲဒီလို ဖြစ်စဉ်တွေဟာ အာဏာရှင်တစ်ပိုင်း နိုင်ငံတွေ (သို့) ဒီမိုကရေစီထူထောင်စ နိုင်ငံတွေမှာ ဖြတ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါတီတစ်ခုက နိုင်ငံရေးလောကကို ဆယ်စုနှစ်ပေါင်းများစွာ တစ်ဘက်သတ်ကြီးစိုးထားတာဟာတိုင်းပြည် အလွန်နာပါတယ်။ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ အနိုင်ရ အမတ်ဦးရေးဟာ ပါတီကြီးတစ်ခုနဲ့တစ်ခု မတိမ်းမယိမ်းပဲဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက် ပွဲမှာ နိုင်ငံရေးလောကထဲက အခြား သြဇာရှိတဲ့ပုဂိုလ်တွေ လည်း ထက်ဝက်ခန့် အနိုင်ရခဲ့ မယ်ဆိုရင် မြန်မာပြည်ရဲ့ကံ ကြမ္မာဟာ တစ်မျိုးဖြစ်သွားနိုင်ပါတယ်။
နောက်လာမဲ့ရွေးကောက်ပွဲတွေ မှာလည်း ဒီလိုပါပဲ။ အရည်အခြင်းရှိသူတွေ မျှတစွာပါဝင် နိုင်ဖို့လိုပါတယ်။ အဲဒီအတွက် ပြည်သူဟာ အရည်အခြင်းရှိသူကို မဲပေးနိုင်ဖို့လိုပါတယ်။ မည်သည့် ပုဂိုလ်ဟာ အရည်အချင်းရှိတယ်ဆိုတာကို လည်း မီဒီယာတွေက မီးမောင်းထိုးပြနိုင်ရင် သိပ်ကောင်း ပါတယ်။ ယခုဆောင်းပါးဟာ တိုင်းပြည်အတွက် ရေးသားတင်ပြတာဖြစ်ပါတယ်။ ပြည်သူ အများလေ့လာ စဉ်းစားနိုင်ဖို့ဖြစ်ပါတယ်။ ဘယ်ပါတီကို မှ ပုတ်ခတ်တာ မဟုတ်ပါ။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ဟာ အင်မတန် အရည် အခြင်းရှိတဲ့ နိုင်ငံရေးသမားတွေ ဆုံးရှုံးခဲ့ရပါတယ်။ သူတို့ အများစုဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီတော့ သူတို့ တွေ ဘာမှပြောခွင့်မရတော့ပါဘူး။
ယခုဆောင်းပါးကိုလည်း ဖြည့်စွက် ဝေဖန်မှုပြုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ လာမဲ့နိုင်ငံရေးကာလ ဟာ ရွေးကောက်ပွဲဝင် နိုင်ငံရေးကာလဖြစ်တဲ့အတွက် တစ်ခါမှားရင် (၅) နှစ်ကြာပါတယ်။ လွတ်တော် သက်တမ်းဟာ (၅) နှစ်ရှိတဲ့အတွက်ဖြစ်ပါတယ်။
ကောင်းမြတ်သူ
မူဝါဒရေးရာဌာန
4:29 PM
ပြည်မြန်မာ
Posted in:
1 comments:
Icy Spin - Titanium Drill Bits - Technostore
Icy Spin nipple piercing jewelry titanium is a small, high end iron titanium token style titanium bmx frame of silicon titanium keychain that offers high performance but less titanium piercings corrosion-resistant. Spin is made with high quality resin that
Post a Comment